AF ၏ လုပ်ငန်းစဉ်အချို့

Tuesday, April 5, 2011

AF ၏ လုပ်ငန်းစဉ်များအချို့


                         


၁၆ ရက် ဇန်န၀ါရီလ။ ၂၀၁၁ နေ့တွင် AF ၏ ပထမအကြိမ် ဗဟိုအလုပ်အမှူးဆောင်အစည်းအဝေးကို ဘန်ကောက်မြို့ရှိ AF ရုံးတွင်ကျင့်ပပြုလုပ်ခဲ့ပါသည်၊၊ ၄င်းအစည်းအဝေးတွင် AF ၏ လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ကြပါသည်၊၊ ၄င်းအပြင် တက်ရောက် လာသော ဗဟိုအလုပ်အမှူးဆောင်များမှ မိမိတို့၏ အမြင် သ ဘောထားများကိုပွင့်ပွင့်လင်းလင်းတင်ပြဆွေးနွေးခဲ့ကြပါသည်၊၊ AF  ပိုမိုတိုးတက်အောင်မြင်မှုရှိလာစေရန် ဗဟိုအလုပ်အမှူး ဆောင်များမှ မိမိတို့ကျရာတာဝန်ကို ကျေပွန်စွာကြိုးစား ဆောင်ရွက်သွားကြမည်ဟုလည်း အသီးသီးပြောကြားသွားပါ သည်၊၊ အစည်းအဝေးသို့ ဒေသအသီးသီးမှ စုစုပေါင်း ဗဟိုအလုပ်မှူးဆောင် ၂၉ ယောက်တက်ရောက် ခဲ့ပါသည်၊၊









     AF လပတ်အစည်းအဝေးကျင့်ပပြုလုပ်
           ၁၃၊ ရက်၊  ဖေဖေါ်ဝါရီလ၊ ၂၀၁၁၊  နေ့တွင် (AF) အစည်းအဝေးကို ဘန်ကောက်မြို့ရှိ (AF) ရုံးတွင်ကျင့်ပ ပြုလုပ် ခဲ့ပါသည။်  ၄င်းအစည်းဝေးတွင် ဘဏ္ဍာရေးမှူး နှင့်စာရင်းကိုင် များမှငွေကြေးးဆိုင်ရာစာရင်းရှင်းတန်းများကို ပြုလုပ်ခဲ့ ပါသည။် အလုပ်အမှူးဆောင်အဖွဲ့ဝင်များ နှင့်အဖွဲဝင်များမှ အဖွဲ့ဝင် အသစ် များတိုးလာစေရန် ကွင်းဆင်းစည်းရုံးရေးလုပ်ငန်းများ ပြုလုပ် သင့်ကြောင့် အကြံညဏ်များပေးခဲ့ကြပါသည်။ ထို့အတူ အတွင်းရေးမှူးအဖွဲ့မှ လုပ်ငန်းစဉ်များ၏ အားနည်းချက် အားသာချက်များကို ရှင်းပြဆွေးနွေးခဲ့ပါသည်၊၊ ထိုအစည်းအဝေး သို့ နေရာဒေသအသီးသီးမှ အဖွဲ့ဝင်များ၊ အလုပ်အမှူးဆောင် အဖွဲ့ဝင်များ နှင့် အဖွဲ့ဝင်အသစ်များ စုစုပေါင်း ၃၀ ကျော် တက်
ရောက်ခဲ့ကြပါသည်၊၊

         CEC အစည်းအဝေး
    ၁၃ ရက်၊ မတ်ခ်ျလ၊ ၂၀၁၁ နေ့တွင် ဗဟိုအလုပ်အမှူးဆောင်  
အစည်းအဝေးတရပ်ကို  AF ရုံး တွင် ကျင့်ပပြုလုပ်ခဲ့ပါသည်၊၊ ၄င်းအစည်းအဝေးတွင် AF လုပ်ငန်းစဉ်များမှ တခုဖြစ်သော ရန်ပုံငွေတိုးတက်ရေးအတွက် အဖွဲ့မှ အင်္ကျီထုတ်ရန်သဘော တူဆုံးဖြတ်ခဲ့ကြပါသည်၊၊ ၄င်းအပြင် အဖွဲ့ဝင်အသစ်များတိုးလာ စေရန် လက်ရှိအဖွဲ့ဝင်အချို့ရှိနေသော ကန်ချနပူရီ ဒေသ သို့ စည်းရုံးရေးဆင်းရန်အတွက်လည်း အများသဘောတူဆုံးဖြတ်ခဲ့ ကြပါသည်၊၊ အစည်းအဝေးသို့ စုစုပေါင်း အလုပ်အမှူးဆောင်များ ၃၀ ခန့်တက်ရောက်ခဲ့ပါသည်၊၊


 

          ချစ်ခင်လေးစားရပါသော ရခိုင် မျိုးချစ် သွေးသောက် ညီ၊ မောင်နှမအပေါင်းရို့ ကို အကျွန်ရို့ AF မှ နွီးထွီးစွာ ကြိုဆိုပါ ယင့်၊၊ အကျွန်ရို့ ရခိုင်ပြည်မှာ သဘာဝသယံဇါတတိပေါများပါ လျက်နန့် သူများတိုင်းပြည်မှာ မိဝီး၊ ဖ၀ီး နန့် မွီးရပ်မြီကိုခွဲကာ ထမင်းတလုပ်အတွက် ကျွန်လာ လုပ်နီရစွာတိကို စဉ်းစားမိတိုင်း ရင်နာမိပါရေ၊၊  တချိန်တုန်းက ရခိုင်လူမျိုး ဆိုစွာ ကမ္ဘာ့ စာမျက်နှာ မှာ ရှမ်းရှမ်းတောက်သမိုင်းတွင်အောင် လုပ်ခစွာလည်း ရခိုင်သားတိပါ၊၊ ယင်းခေါင်းဆောင်တိပိုင် မျိုး ဆက်သစ်လူငယ်တိအနီနက် ကိုယ်ရို့နိုင်သလောက်ရာ လုပ် လားကက်ဖို့ဆိုခကေ ရခိုင်သား တိုင်းမျှော်လင့်နီရေ ရွှေအိမ်မတ် သို့ မကြာခင်ရောက်လာပါလိ မည်၊၊ ယင်းကြောင့်အကျွန်ရို့ AF အနီနက်လည်း ကိုယ့်ရခိုင် လူမျိုးအတွက် နိုင်သလောက် လုပ် လားဖို့ ရည်ရွယ်ချက်နန့် အတူပေါ်ပေါက်လာရေအတွက် အကျွန်ရို့နန့်အတူတကွ ညီညွတ်စွာပူးပေါင်းလုပ်ဆောင် ကက်ပါ မေလို့ လှိုက်လှဲစွာ ဖိတ်ခေါ်ပါယင့်၊၊












   ၂၀ ရက် ၊ မတ်ခ်ျလ။ ၂၀၁၁ နေ့တွင် ဘန်ကောက် AF ရုံး မှ ဥက္ကဌ ခိုင်လမင်း။ ဒုဥက္ကဌ ခိုင်ဝင်းခိုင် ၊ အတွင်းရေးမှူး အနိုင်၊ စည်းရုံးရေးမှူး မစုစုခိုင် တို့ ကန်ချနပူရိသို့ စည်းရုံးရေးခရီးစဉ် အဖြစ်သွားရောက်ခဲ့ကြပါသည်၊၊  ၄င်းဒေသမှ် AF အဖွဲ့ဝင်များ နှင့် အတူ ရခိုင်သူ ရခိုင်သား စုစုပေါင်း ၆၀ ခန့်တက်ရောက်ဆွေး နွေးခဲ့ကြပါသည်၊၊ ထိုဒေသရှိ စက်ရုံ တရုံတည်းတွင် ရခိုင်သူ၊သား ၂၂၀ လောက်ရှိပြီး ပတ်ဝန်းကျင်တွင် ရခိုင်သူ ရခိုင်သား ၁၀၀၀ နီးပါးခန့် ရှိသည်ဟု ဒေသ AF တာဝန်ခံ ဦးမောင်ရွှေစိုးမှပြောကြားခဲ့ပါသည်၊၊ ၄င်းအပြင် ထိုဒေသသည် တခြားဒေသများထက် ဥပဒေ စိုးမိုးမှု့ နည်းသောကြောင့် ကိုယ့်လူမျိုးအချင်းချင်း စည်းရုံးညီညွတ်ဖို့ အထူးလိုအပ်ကြောင်း ကိုလည်း ဒုတာဝန်ခံ ကိုဇော်ဝင်းထွန်းတို့ မှ ပြောကြားခဲ့ပါသည်၊၊



 









                ၂၇ ရက်။ မတ်ခ်ျလ၊ ၂၀၁၁ နေ့တွင် AF ရုံး၌ ဗဟိုအလုပ်အမှူးဆောင်အစည်း အဝေးတခုကို ကျင့်ပပြုလုပ်ခဲ့ ပါသည်၊၊ တက်ရောက်လာသော အလုပ်အမှူးဆောင်များမှ အဖွဲ့၏အားနည်းချက် နှင့် အားသာချက်များကို ဆွေးနွေးတင်ပြ ကြပါသည်၊၊ ၄င်းအပြင် လာမည့် ၂၀၁၁ သင်္ကြန်တွင် ဘန်ဘွန် မှာရှိသောရခိုင်မောင်မယ်များစုပေါင်းပြီးလုပ်မည့်သင်္ကြန်ရခိုင်အလှူပွဲတွင် AF အနေနှင့်ငွေအင်အားသော်လည်းကောင်းလူအင်
အား သော် လည်းကောင်းကူညီသွားရန်ဆုံးဖြတ်ခဲ့ကြပါသည်၊၊ စုစုပေါင်းအလုပ်အမှူးဆောင်၂၇ ယောက်တက်ရောက်ခဲ့ပါသည်၊

No comments:

About This Blog

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOPÈÈ